info@farmerschoicetractor.com (+95) 9 4430 911 51
English Myanmar

About Us

About Us

FARMER CHOICE TRACTORS CO ., LTD သည် အိန္ဒိယနိုင်ငံ ITERNATIONAL TRACTOR LIMITED မှ ထုှတ်လုပ်သည့် SONALIKA BRAND လယ်ထွန်စက်ကြီးများနှင့် တွဲဖက်လယ်ယာသုံး စက်ကိရိယာများအား မှာယူတင်သွင်းရောင်းချ ဖြန့်ဖြူးပေးလျှက်ရှိပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်ချက်များရှိပါက မှာယူသုံးစွဲနိုင်ပါရန် ဤကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချလျှက်ရှိသော လယ်ထွန်စက် အမျိုးမျိုးနှင့် လယ်ယာသုံးစက်ကိရိယာများ၏ Photos များ၊ Technical Specification များကို သတင်းကောင်း ပါးအပ်ပါသည်။

ဤကုမ္ပဏီမှ အိန္ဒိယနိုင်ငံလုပ် SONALIKA BRAND မြင်းကောင်ရေ ၂ဝ၊ ၃ဝ၊ ၅၅၊ ၆ဝ၊ ၇၅၊ ၉ဝ ရှိ 2 Wheel Drive, 4 Wheel Drive လေးဘီးတပ် လယ်ထွန်စက်များနှင့် ၃ သွားထယ်၊ ၄သွားထယ်၊ ၅သွား ထယ် (Disc Plough) ၊ ၂သွား၊ ၃သွား၊ ၄သွား သိပ္ပံထယ် (Mould Board Plough)၊ ၁၆သွား၊ ၁၈သွား၊ ၂ဝသွား၊ ၂၂သွား ထွန် (Disc Harrow) အမျိုးမျိုး၊ ၃ပေ၊ ၄ပေ၊ ၆ပေ၊ ၇ပေ၊ ၉ပေ အကျယ်ရှိဓါးသွားထွန် (Rotavator) ၊ ရိုးဖြတ်၊ မြက်ဖြတ်စက် (Rotary Slasher / Shrub Master) ၊ မြေညှိကိရိယာ (Terracer Blade Leveller) ၊ ဘောင်ဖော်ကိရိယာ (Mounted Disc Ridger) ၊ဆောက်လုပ်ရေးသုံးကုန်ကြမ်းပစ္စည်းများ ၊ ကြံနှင့် လယ်ယာထွက်ကုန်များသယ်ယူနိုင်သည့် 5 Ton , 9 Ton , 10 Ton – ၂ဘီးတပ် ၊ ၄ဘီးတပ် Hydraulic Tipping Trailer များနှင့် စပါးချွေစက်၊ ပဲချွေစက် (Thresher) ၊ စပါးရိတ်သိမ်းချွေလှေ့စက် (Combine Harvester) များကို မှာယူတင်သွင်း ရောင်းချဖြန့်ဖြူး လျှက်ရှိပါသည်။

လယ်ယာမြေပြုပြင်ရေး နှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင် လယ်ထွန်စက်များနှင့် တွဲဘက်အသုံးပြုနိုင်သော Front End Dozer; Loader; Back Hoe စသော အရည်အသွေးမြင့်မားသည့် စက်ကိရိယာ များကိုလည်း မှာယူတင်သွင်းရောင်းချပေးလျှက် ရှိပါသည်။ SONALIKA BRAND ထွန်စက်များသည် ဂျပန်နိုင်ငံ YANMAR ကုမ္ပဏီဖြင့် နည်းပညာ စတင် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း၊ MAGMA SHRACHI (ပြင်သစ်) RENAULT – FRANCE နှင့် CLASS – GERMANY စသည့် နာမည်ကျော် ကုမ္ပဏီကြီးများနှင့် စနစ် + နည်းပညာ ပူးပေါင်း (J.V) ထုတ်လုပ်ထားခြင်း၊ New Zealand နှင့် Australia နိုင်ငံတို့မှ ISO 9001 – 2000 လက်မှတ်နှင့် ISO 14001 TS 16949 လက်မှတ်ရခြင်း၊ နှစ် ၄ဝကျော် ထုတ်လုပ်မှု အတွေ့အကြုံအရ ခေတ်မှီနည်းပညာများဖြင့် စီမံ ထုတ်လုပ်ထားခြင်း၊ တပ်ဆင်ထားသော Engine များမှာလည်း Euro II, Euro III EPA စံများနှင့် ကိုက်ညီခြင်း၊ ဆီစားနှုန်း အထူးသက်သာခြင်း၊ Turbo Charged စနစ်အသုံးပြုထားခြင်း၊ ထွန်စက် အနေဖြင့်လည်း Back up Torque အထူးကောင်းမွန်ခြင်း၊ Synchronize Gear Transmission System တပ်ဆင်ထားခြင်း၊ Power Steering အသုံးပြုထားခြင်း၊ (လယ်ကွင်းငယ်များတွင် လွယ်ကူစွာမောင်းနှင် နိုင်ပါသည်။)

Lugging Power ကောင်းမွန်သော တာယာများတပ်ဆင်သုံးစွဲထားခြင်း၊ Ergonomically & Aesthetically Appealing Design ဖြင့် ပုံစံထုတ်လုပ်ထားခြင်းနှင့် Quality Assurance to customer satisfaction စသော အားသာချက်များဖြင့် တည်ဆောက်ထုတ်လုပ် ထားပါသည်။ ဤကုမ္ပဏီမှ ထွန်စက်အရောင်းပြခန်းနှင့် Service Centre အားရန်ကုန်မြို့ နှင့် မန္တလေးမြို့ များတွင်ဖွင့်လှစ်ထားရှိ၍ One Year Warranty အာမခံချက်နှင့်အတူ Pre Delivery Inspection and After Sale Service များကို ကျွမ်းကျင်အတွေ့အကြုံရှိသော ဝန်ထမ်းများဖြင့် အထူးဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။ Regular Maintenance and Emergency Maintenance အတွက် လိုအပ်သော Spare Parts များ ထားရှိပြီး လိုအပ်ချိန်တွင် လိုအပ်ချက်အတိုင်း လွယ်ကူစွာ ဆက်သွယ်ဖြန့်ဖြူးပေးလျှက်ရှိပါသည်။ သုံးစွဲသူစိတ် ကြိုက်ထွန်စက် နှင့် လယ်ယာသုံး စက်ပစ္စည်းများကို သင့်တင့်မှန်ကန်သောဈေးနှုန်းဖြင့် ပြည်တွင်းဒေသ အသီးသီးသို့ ရောင်းချဖြန့့်ဖြူး ပေးလျှက်၊ စက်မှုုလယ်ယာကူးပြောင်းမှု့တွင် အထောက်အကူပေးလျှက် ရှိပါသည်။ အထူးအားဖြင့် WT 90 RX 4WD - (90 HP) လယ်ထွန်စက်များနှင့် တွဲဘက်သုံးစက် ကိရိယာများသည် သိပ္ပံနည်းကျ မြန်မာ့လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်၏ စက်မှုလယ်ယာသုံးစက်ပစ္စည်း သုံးစွဲမှုလိုအပ်ချက်အား အထူးအရေးပါသောကဏ္ဍမှ ပါဝင် ဖြည့် ဆည်း ပေးနိုင်မည် ဖြစ်ပါသည်။

စိုက်ပျိုးရေးလုပ်ငန်းများနှင့် တည်ဆောက်မှုလုပ်ငန်းများအတွက် ထွန်စက်နှင့် တွဲဘက်သုံးစက်ကိရိယာများဝယ်ယူပါက ဤကုမ္ပဏီမှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် လယ်ကွင်း၊ သုံးစွဲသည့်နေရာအရောက် သရုပ်ပြ မောင်းနှင်ပေးခြင်းနှင့် ထိရောက်သော ဝန်ဆောင်မှု လုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းကောင်း ပါးအပ်ပါသည်။